- Get link
- X
- Other Apps
- Get link
- X
- Other Apps
Asplenium nidus
သူ့ကို The bird’s nest fern လို့လည်း ခေါ်ပါတယ်။ မြန်မာလိုတော့ ငှက်သိုက်ပင်ပေါ့။ အဟီး။
တကယ်တော့ သူတို့ဟာ ဒေသအပေါ်လိုက်ပြီး နာမည်အမျိုးမျိုးတွင်ကြပါတယ်။ မလေးရှားမှာတော့ Rumah Langsuyar, ဖိလစ်ပိုင်မှာတော့ Pakpak-lauin လို့ခေါ်ပြီး တရုတ်နှင့်ထိုင်ဝမ်မှာတော့ shan su hua လို့ခေါ်ကြပါတယ်။ သူ့မှာ မျိုးနွယ်တူလေးတွေလည်း ရှိပါသေးတယ်။
သူတို့ကတော့ Asplenium ficifolium, Asplenium antiquum, Neottopteris mauritiana, Neottopteris nidus တို့ဖြစ်ပါတယ်။
သူတို့ဟာ Aspleniaceae မျိုးနွယ်ဖြစ်ပြီး Plantae Kingdom , Pteridophyta phylum, Polypodiopsida class, Polypodiales order ဆိုပြီးရှိပါတယ်။
အံ့သြစရာကောင်းတာက သူတို့ရဲ့ဇစ်မြစ်က အာဖရိကဖြစ်ပါတယ်။ သို့သော်လည်း သြစတေးလျ၊အာရှမှာလည်း ပေါက်ပါတယ်။ သူတို့က မြေမှာပေါက်သလို သစ်ကပ်ပင်အဖြစ်လည်း ရှိကြပါတယ်။ ထို့အတူ ထူးထူးဆန်းဆန်း ကျောက်တုံးတွေပေါ်တောင်မှ ပေါက်နိုင်ပါတယ်။
ငှက်ပျောရွက်လို အရွက်ကားကားလေးတွေထွက်လေ့ရှိပြီး သူတို့အရွက်လေးတွဟာ အရှည် ၅၀ ကနေ ၁၂၀ စင်တီမီတာအထိရှည်နိုင်ပြီး အကျယ် ၁၀ မှ ၂၀ စင်တီမီတာအထိ ကျယ်နိုင်ပါတယ်။ အရွက်လေးတွေကတော့ အစိမ်းရောင်လေးတွေဖြစ်ပြီး အညိုရောင် အစင်းလေးတွေလည်း ပါတတ်ပါတယ်။ သူတို့မှာ sori လို့ခေါ်တဲ့ အရိုးလေးတွေရှိပါတယ်။ သူ့အမြစ်ကတော့ ရေ၊သတ္တုဓာတ်နှင့် မြေသြဇာကို စုပ်ယူဖို့ အားကောင်းလွန်းတဲ့အတွက် အသက်အလွန်ရှည်ပါတယ်ဗျ။
သူက အာဟာရကြွယ်ဝတဲ့ မြေဆီကိုကြိုက်ပါတယ်။ သူအကြိုက်ဆုံး မြေသြဇာကတော့ peat moss ဖြစ်ပါတယ်။
သူက စိုစွတ်တာကို အရမ်းသဘောကျပါတယ်။ သို့သော်လည်း သူ့ပင်ခြေမှာ ရေဝပ်နေရင်တော့ အရွက်လေးတွေ ဝါသွားပါလိမ့်မယ်။
သူက တိုက်ရိုက်နေရောင်ကိုမကြိုက်ပါဘူး။ ဒါကြောင့်လည်း သဘာဝအတိုင်းပေါက်ရင်တောင်မှ အရိပ်ရအပင်ကြီးတွေအောက်မှာ နေပူရှောင်ရင်းပေါက်တတ်ကြပါတယ်။
အပူချိန် ၁၆ ဒီဂရီမှ ၂၄ ဒီဂရီ ဆဲလ်စီးရပ်ဟာ သူ့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
မြေသြဇာအနေနှင့်ကတော့ အခုခေါတ်စားနေတဲ့ ၁၅ပတ်လည်ခေါ် NPK ကိုထည့်နိုင်ပါတယ်။
အဲ လှလှပပကြီး ပွင့်နေပြီဖြစ်တဲ့ Asplenium Nidus ပင်လေးကို လိုချင်ရင်တော့ မင်မင့်ဆီကို ဆက်သွယ်လိုက်ပါနော်။
Comments
Post a Comment