ကျောက်စိမ်းဧကရီလေးတွေ အရွက်ဝါခြင်း

 ကျောက်စိမ်းဧကရီလေးတွေ အရွက်ဝါခြင်း

ညီတော်မောင်တစ်ယောက် အပင်စစိုက်ပါတယ်ဆို အရွက်ဝါလို့ သူ့မှာ တိုင်ပတ်နေလို့ အဟီး။
ပူပါနဲ့ဟ အကိုဆို လေးပင် သေပြီးပြီ အဟေဟေ

တကယ်တော့ ကျောက်စိမ်းဧကရီလေးတွေဆိုတာ အစိမ်းရင့်ရင့်လေးတွေနဲ့ လှပတဲ့အပင်လေးတွေပါ။
တကယ်လို့ သူ့အရွက်လေးတွေ ဝါလာရင်တော့ တစ်ခုခု မှားနေတာ သေချာပြီပေါ့နော်?
အပင်ဆိုတာက သက်ရှိဆိုတော့ သူတို့လည်း နေမကောင်းဖြစ်တတ်ကြပါတယ်။
ထို့အတူ သူတို့က မြေ၊ရေ၊လေ၊အလင်း ကိုမှီတည်နေရတာဆိုမို့လား။

ကျောက်စိမ်းဧကရီလေးတွေ ဝါရခြင်းရဲ့ ပထမအချက်က
ရေများပြီး အမြစ်နားမှာ ရေအိုင်နေလို့ဖြစ်ပါတယ်။ အမြစ်နားမှာ ရေအိုင်နေသလားလို့ စမ်းကြည့်ချင်ရင်တော့
အပင်ရင်းကနေပြီး လက်ညိုးလေးနဲ့ထိုးထည့်လိုက်ပါ။ စိုစွတ်ပြီး ရေအရမ်းများနေတာကို သိရနိုင်ပါတယ်။
ဒါဆိုရင်တော့ အပင်လေးကို အသာလေးပြန်ထုတ်ပါ။ ပြီးရင် မြေအသစ်ထည့်ပြီး အပင်လေးကို အသာပြန်ထည့်ပါ။
ရေနည်းနည်းလေးလောင်းပေးပါ။
ရေနည်းလွန်းလို့လည်း အရွက်ဝါပါတယ်။
ရေနည်းကြောင်း ဘယ်လိုသိမလဲ။ ရေနည်းကြောင်း သိချင်ရင်တော့ အပင်ပတ်လည်က မြေကြီးကို လက်နဲ့ ဖိကြည့်ပါ။
ရေဓာတ်လုံးဝမရှိဘဲ ခြောက်သွေ့ပြီးမာနေရင်တော့ ရေလောင်းပေးပါ။ ထို့ပြင့် ရေဆင်းကောင်းဖို့အတွက်
အိုးအောက် ရေဆင်ပေါက်ကနေ တုတ်လေးထိုးပြီး ရေဟောင်းလေးတွေကို ပြန်ထုတ်ပေးပါ။
နောက်တစ်ခုက နေလောင်တာပါ။
ကျောက်စိမ်းဧကရီလေးတွေက အလင်းကိုကြိုက်ပေမဲ့ တိုက်ရိုက်နေရောင်ကို ကြောက်ပါတယ်။
နေပူမိရင်တော့ အရွက်လေးတွေ ဝါသွားပါတယ်။ခြောက်သွားပါတယ်။
အဲ့ဒါဆိုရင်တော့ အပင်လေးကို အရိပ်ရတဲ့နေရာလေးပြန်ပြောင်းပေးပါ။

ကဲ
ဒီလောက်ဆို အမြဲတမ်းစိမ်းမဲ့ ကျောက်စိမ်းဧကရီလေးတွေ ရပါပြီနော်။
အခုဆို မင်မင့်အပင်လေးတွေ မဝါတော့ဘူး မသေတော့ဘူး
အတွေ့အကြုံအရ အပင်သေလေးတွေကို တစိမ့်စိမ့်ကြည့်ပြီး နေခဲ့ရဘူးတာကိုး
အဟီး

ကော်ပီယူလျှင် ခရက်ဒစ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။

ဒေါက်တာနေဝင်းအောင်
Admin
GPN Indoor Plants
Naypyitaw




Comments