- Get link
- X
- Other Apps
- Get link
- X
- Other Apps
မြန်မာအခေါ် ခြင်ပြေးပင်ဆိုတဲ့ အပင်လေးတွေကိုတော့ Lime prickly ash/Colina/Wild lime/ အစရှိသဖြင့်ခေါ်ဆိုကြပါတယ်။ အဲ့ဒီတော့ သူ့နာမည်လေးတွေကြည့်ရင် သံပုရာမျိုးမှန်းသိသာနေပါပြီနော်။
ခြင်ပြေးပင်လေးတွေရဲ့ ရုက္ခဗေဒနာမည်ကတော့ Zanthoxylum fagara ဖြစ်ပါတယ်။သူ့ရဲ့မျိုးနွယ်ကတော့ Citrus မျိုးနွယ်ဖြစ်ပါတယ်။ ထို့အတူ သူဟာ Rutaceae အုပ်စုထဲကဖြစ်ပါတယ်။ သူ့ရဲ့ မူလဘူတာ မွေးရပ်မြေကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါနဲ့တက္ကဆက်ဖြစ်ပါတယ်။ထို့အတူ မက္ကဆီကို၊ပါရာဂွေးတို့မှာလည်း ပေါက်ရောက်ပါတယ်။
Wild lime ခြင်ပြေးပင်က ချက်ပြုတ်ရာမှာသုံးတဲ့ သံပုရာမျိုးနွယ်မျိုးနှင့် အခြား လိမ္မော်နှင့်သံပုရာသီးစတဲ့ အပင်မျိုးနွယ်ဖြစ်ပါတယ်။
ခြင်ပြေးပင်ရဲ့ အပွင့်နဲ့ အရွက်တွေချေလိုက်ရင် သံပုရာအနံ့လိုမျိုးရပါတယ်။
အစေ့ကို ငရုတ်ကောင်းစေ့အစားထိုးသုံးနိုင်ပြီး၊အရွက်နဲ့ အခေါက်ကိုအမူန့်အဖြစ်ကြိတ်ပြီး ဟင်ခတ်အမွှေးအကြိုင်လုပ်လို့ရပါတယ်။
Zanthoxylum ဆိုတာ အဝါရောင်လို့ အဓိပ္ပါယ်ရတဲ့ ဂရိဘာသာစကား xanthos နှင့် သစ်သားလို့အဓိပ္ပါယ်ရတဲ့ xylon ဆိုတဲ့ စကားကဆင်းသက်လာပါတယ်။
Zanthoxylum အမျိုးအနွယ်တွေရဲ့အမြစ်ကလုပ်တဲ့ အဝါရောင်ဆိုးဆေးကို ဖော်ညွှန်းတာပါ။
သူ့ရဲ့အရွက်လေးတွေက သေးငယ်ပြီး ရိုးတံသွယ်သွယ်လေးတွေနဲ့ အုပ်အုပ်စိုင်းစိုင်းလေး ဖြစ်နေတတ်ပါတယ်။တကယ်လို့သာ စိုက်ရှင်လေးတွေစိုက်လို့ ကြီးထွားမယ်ဆိုရင် အမြင့် ဆယ်ပေလောက်အထိ ကြီးနိုင်ပါတဲ့။
သူတို့လေးတွေက စိုစွတ်တာနေတဲ့မြေ, ခြောက်သွေ့တဲ့မြေ, ရေဆင်ကောင်းတဲ့ သဲမြေ, နူန်းဆန်တဲ့မြေ , ထုံးဆန်တဲ့မြေ အစရှိတဲ့ မြေအမျိုးအစားအားလုံးနီးပါးမှာ ပေါက်နိုင်ကြပါတယ်။
အလင်းရောင် အနေနှင့်ကတော့ နေအပူချိန် တစ်နေကုန် သို့မဟုတ် တစ်ရက်လျှင် 3-6 နာရီကြား နေ့တစ်ဝက်လောက်နေရလည်းရပါတယ်။
အပင်က နေလတစ်ဝက်အလင်းရောင်ရလည်းနေနိုင်ပေမယ့်, တစ်နေ့တာလုံး အလင်းရောင်ရရင် ပိုပြီးကြီးထွားပြီး, အပွင့်ပွင့်နိုင်ပါတယ်။
အပင်ပွားခြင်း: အစေ့ကနေ အပင်ပွားနိုင်ပါတယ်။
ကဲ အိမ်ထဲမှာ ခြင်ပြေးချင်လို့ပဲဖြစ်ဖြစ်၊ မူးလာရင် ရှူစရာ အလွယ်တကူ လိုချင်လို့ပဲဖြစ်ဖြစ်၊ အိမ်ထဲမှာ သစ်ပင်ကြီးပုလေးအဖြစ် ဘွန်ဇိုင်းလုပ်ချင်ရင်ပဲဖြစ်ဖြစ် သံပုရာနံ့မွှေးမွှေးလေးနဲ့ ခြင်ပြေးပင်လေးတွေကို မင်မင့်ဆီမှာ ရနိုင်ပါပြီ။မှာထားသူတွေကိုလည်း ပို့ပေးနေပါပြီနော်။
Comments
Post a Comment