- Get link
- X
- Other Apps
- Get link
- X
- Other Apps
ဟုတ်ပါတယ် ဒီနေ့ ကျနော်တို့ ပြောပြပေးမှာ ကတော့ အိုးပြောင်းလဲခြင်းပဲဖြစ်ပါတယ် .. အပင်ချစ်သူတို့ ယုံကြည်မှုရှိရှိနဲ့ ကိုယ်ကိုတိုင် အပင်လေးတွေကို ဝယ်ပြီး အိုးပြောင်းနိုင်စေဖို့ အိုးပြောင်းဖို့လိုအပ်တဲ့ အခြေခံအချက်လေးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်
အဓိကလိုအပ်တာကတော့ အိုးအလွတ်တအိုး နဲ့ organic potting soil ပဲဖြစ်ပါတယ်
ကဲ အပင်လေးကို ပျိုးအိုး ကနေစထုတ်ပါမယ်
၁.အိုးအဟောင်းမှအပင် ကို ဖယ်ရှားရန် ပထမဆုံး မိမိလက်ကို အိုးပေါ်တင်လိုက်ပါ တချိန်တည်းမှ အပင်ရဲ့ပင်စည်ကို လက်ညှိုးနဲ့ လက်ခလယ်ကြားနဲ့ ညှုပ်လိုက်ပါ ပြီးနောက် အိုးကိုအပေါ်အောက်လှန်လိုက်ပါ
၂.အပင်ဇောက်ထိုးဖြစ်သွားပြီဆိုရင်တော့ အိုးကိုအပေါ်အောင် ဘေးဘယ်ညာလှုပ်ပေးပါ အကယ်၍ အပင်က ကြပ်နေပါက ပလက်စတစ်အိုးကို ကတ်ကြီးနဲ့ ညှုပ်ပြီးခွဲထုတ်နိုင်ပါတယ်
၃.အပင်ကို အိုးထဲကထုတ်ပြီးရင် အမြစ်တွေကို သာသာ လေး ပုတ်ပေးပါ မြေကြီးတွေကပ်နေရင်လည်း လက်နဲ့အသာအယာဖွပေးပါ.
ပြီးနောက် အိုးလဲပါမယ်
၄.ေပြာင်းမဲ့အိုးထဲကို potting soil အရင်ထဲ့ပါ. Potting soil ပမာန ကို မိမိပြောင်းမဲ့အိုးအကြီးအသေးပေါ်မူတည်ပြီး နည်းနည်းများများထည့်ပါ. အပင်ရဲ့ Level ဟာ အိုးနှုတ်ခမ်းရဲ့ အောက် ၁ ဒါမှမဟုတ် ၂ စင်တီမီတာလောက် ဖြစ်သင့်ပါတယ်
၅.အပင်ကို အိုးရဲ့ အလည်တည့်တည့်ကိုချိန်ပါ ပြီးနောက် potting soil ကို ထည့်ပေးပါ.. potting soil ထည့်နေစဉ် အိုးကိုပတ်ပတ်လည် လှည့်ပေးပါ အဲ့ဒါမှ အိုးနဲ့အပင်ကြားပတ်ပတ်လည်ကို potting soil ညီမျှစွာထဲ့နိုင်မှာပါ.
၆.potting soil ကို အပင်ရဲ့ အမြစ်တွေဖုံးတဲ့အထိထည့်ပေးပါ. မျက်နှာပြင်ကို လက်ညှိုး ဒါမှမဟုတ် လက်ချောင်းများ နဲ့ညီအောင် ညှိနိုင်ပါတယ်. ပြီးရင်တော့ အိုးအောက်ခြေမှရေများထွက်လာတဲ့အထိ ရေအပြည့် လောင်းပေးပါ .
ဒါဆိုရင်တော့အိုးပြောင်းလဲခြင်း ပြီးဆုံးပါပြီ အဲ့ဒီနောက်မိမိထားလိုတဲ့နေရာမှာထားနိုင်ပါပြီ
Comments
Post a Comment