- Get link
- X
- Other Apps
- Get link
- X
- Other Apps
လေသန့်ပင်လေးတွေအကြောင်း
လေသန့်ပင်လေးတွေအကြောင်းမေးထားလို့ healthline ကဖော်ပြထားတဲ့ အိမ်တွင်းစိုက်ပျိုးသင့်တဲ့ လေသန့်ပင်လေးအတွေအကြောင်းကို ရှာဖွေပြီးတင်ပြလိုက်ပါတယ်ဗျ။
၁။ spider plants (Chlorphytum comosum)
spider လေးတွေကတော့ လေသန့်ပင်အဖြစ် နာမည်ကြီးပါတယ်။ သူရဲ့မျိုးနွယ်ကတော့ chlorphytum ဖြစ်ပြီး မျိုးကွဲပေါင်းများစွာရှိပါတယ်။ မြန်မာမှာတော့ သူ့မျိုးကွဲဖြစ်တဲ့ သဇင်မင်းက ပေါများလှပါတယ်။ သူ့အရောင်က ထူးခြားစွာပဲ အစိမ်းနှင့် အဖြူကြားလေးတွေဖြစ်ပါတယ်. ပင်ကူလေးလို သေးသွယ်ရှည်လျားတဲ့ အရွက်လေးတွေ ရှိပါတယ်။ သူက တစ်ခါတရံ အဖြူရောင်ပန်းလေးတွေပွင့်ပါတယ်။ spider မှာ မျိုးကွဲ ၂၀၀ ကျော်ရှိပါတယ်။ သူ့ကိုတော့ သုံးပတ်လောက်မှ တစ်ကြိမ်သာ ရေလောင်းပေးဖို့လိုပါတယ်။ သူက formaldehyde နှင့် xylene ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
၂။ Dracaenas
Dracaenas ဆိုတာလေးကတော့ Green thumb's Dream လို့လည်းခေါ်ပါတယ်။ သူတို့ရဲ့ အရောင်၊အရွယ်နှင့်ပုံသဏ္ဍန်ကို လိုက်ပြီး မျိုးကွဲပေါင်းများစွာရှိပါတယ်။ များသောအားဖြင့် ရိုးတံရှည်ရှည် ပြောင်းပင်ပုံလေးတွေနှင့် သက်တန့်ရောင်စုံမျိုးကွဲလေးတွေက ဈေးကွက်မှာ အရောင်းသွက်ပါတယ်။
သူတို့ကိုတော့ မြေစိုစိုလေးမှာ စိုက်ပျိုးသင့်ပါတယ်။ သို့သော်လည်း ရေအလွန်အကျွံမလောင်းမိဖို့တော့ ဂရုပြုရပါမယ်။
သူတို့ကတော့ formaldehyde, xylene, toluene,benzene နှင့် trichlotoethylene တို့ကို သန့်စင်ပေးပါတယ်။
၃။ Golden pothos(Epipremnum aureum)
သူတို့ကိုတော့ မြန်မာမှာ ရွှေလာငွေလာလို့ အသိများပါတယ်။ သူ့ရဲ့ အခြားအမည်ကတော့ Devil's Ivy လို့ခေါ်ပါတယ်။
သူတို့ကိုသာ ဂရုတစိုက် စိုက်ပျိုးမယ်ဆိုရင် သူလေးက နွယ်ပင်လေးလို ရှစ်ပေလောက်အထိ ကြီးထွားနိုင်ပါတယ်။
သူဟာ အဆိပ်ဖြေပင်အဖြစ်လည်း နာမည်ကြီးပါတယ်။ ဒါကြောင့်လဲ သူများနိုင်ငံက အမှောင်နတ်ရဲ့နွယ်လို့ တင်စားတာဖြစ်မှာပါ။
သူကတော့ မြေခြောက်ခြောက်လေးကိုသာ နှစ်သက်ပါတယ်။ သူ့အရွယ်အစားအရမ်းကြီးထွားလာရင်တော့ ကိုက်ဖြတ်ပေးဖို့လိုပါတယ်နော်။
သူကတော့ formaldehyde, xylene, toluene, benzene, carbon monoxide တွေကိုသန့်စင်ပေးပါတယ်။
၄။ Areca palms (Chrysalidocarpus lutescens)
သူ့ကိုတော့ မြန်မာပြည်မှာ အုန်းပွားဆိုတဲ့နာမည်လေးနဲ့ ဝယ်ယူလို့ရပါတယ်။ သူ့အကြောင်းကိုလည်း နဂိုက ကျွန်တော်ရေးပေးထားပါတယ်။ သူကတော့ အိမ်ထဲမှာပဲစိုက်စိုက် အိမ်ပြင်မှာပဲစိုက်စိုက် ရပါတယ်။ အရိုင်းပင်လေးအနေနဲ့ဆိုရင်တော့ ငါးပေလောက်ထိ ကြီးပါတယ်။ သူကတော့ ရေအရမ်းဆာတဲ့ အပင်လေးဖြစ်ပါတယ်။ သူ့ကို ရေရွဲရွဲလောင်းပေးရပါမယ်။
သူကတော့ benzene, carbon monoxide, formaldehyde, trichloroethylene, xylene တို့ကို သန့်စင်ပေးနိုင်ပါတယ်။
၅။ Chrysanthemums (Chrysanthemum morifolium)
သူ့ကိုတော့ Florist’s chrysanthemums သို့မဟုတ် “mums” လို့လည်း ခေါ်ကြပါတယ်။ သူတို့ကတော့ လေသန့်ပင်အမျိုးအစားထဲမှာ ထိပ်တန်းထဲက ပါပါတယ်။ သူကတော့ အမိုးနီးယားဓာတ်ကို သန့်စင်ပေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ သူလေးကတော့ ရေတစ်ရက်ခြားတစ်ခါလောက် လောင်းပေးရမဲ့ အပင်လေးဖြစ်ပါတယ်။
သန့်စင်ပေးနိုင်တဲ့ ဒြပ်တွေကတော့ formaldehyde, xylene, benzene, ammonia တို့ဖြစ်ပါတယ်။
၆။ Bamboo palms (Chamaedorea seifrizii)
သူလေးကတော့ လှပစိမ်းစိုတဲ့ အရောင်လေးနဲ့ဖြစ်ပါတယ်။ သူက အလင်းရောင်ကို ကြိုက်ပါတယ်။ သို့သော်လည်း တိုက်ရိုက်နေရောင်ကိုတော့ ကြောက်ပါတယ်။ ဝါးပင်လေးတွေက စိုစွတ်တဲ့ လေထုကို ဖန်တီးပေးနိုင်ပြီး မိမိအိမ်ခန်းလေးကို လှပစေနိုင်ပါတယ်။
သူကလည်း မြေစိုစိုလေးကိုနှစ်သက်ပြီး လေကောင်းလေသန့်လိုပါတယ်။
သူကတော့ formaldehyde, benzene, carbon monoxide, xylene, chloroform တို့ကို သန့်စင်ပေးနိုင်ပါတယ်။
၇။English ivy (Hedera helix)
သူလေးကတော့ နွယ်အမျိုးအစားဖြစ်ပါတယ်။ သူ့အရောင်လေးကလည်း အလင်းရောင်ရရှိမှုပေါ်မူတည်ပြီး ကွဲပြားလှပါတယ်။ သူ့ကိုတော့ ချိတ်ဆွဲအိုးလေးတွေအနေနဲ့ စိုက်ပျိုးနိုင်ပါတယ်။
သူကတော့ benzene ,carbon monoxide, formaldehyde, trichloroethylene တို့ကို သန့်စင်ပေးနိုင်ပါတယ်။
၈။Rubber plants (Ficus elastic)
သူကတော့ အိန္ဒိယမှာ အရမ်းပေါတဲ့အပင်လေးတွေဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူ့အမြစ်လေးကို အပြင်ထုတ်ထားတာပါပဲ။ ပင်စည်အထက်မှာ ငေါက်တောက်လေးဖြစ်နေတတ်ပါတယ်။ သူတို့က နေကြိုက်ပါတယ်။ ရေကတော့ အသင့်အတင့်ကြိုက်ပါတယ်။ သူ့အရွက်လေးတွေကို သန့်စင်ပေးတာလည်း နှစ်သက်ပါတယ်။
သူကတော့ carbon monoxide, formaldehyde, trichloroethylene တို့ကို သန့်စင်ပေးနိုင်ပါတယ်။
၉။Chinese evergreen (Aglaonema)
သူ့ကိုတော့ မြန်မာပြည်မှာ ပတ္တမြားပလ္လင်လို့ လူသိများပါတယ်။ သို့သော်လည်း သူ့မှာက မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ အရောင်လေးတွေလည်း စုံလင်လှပါတယ်။ အထူးသဖြင့် အာရှရဲ့ အပူပိုင်းသစ်တောတွေမှာ ပေါက်ရောက်လေ့ရှိပါတယ်။ သူတို့က ရေသိပ်မကြိုက်ပါဘူး။ သူက လေထုစိုစွတ်တာတော့ ကြိုက်ပါတယ်။
သူလေးက benzene, carbon monoxide, formaldehyde, trichloroethylene တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၁၀။Peace lilies (Spathiphyllum)
သူ့ကိုတော့ ရှင်သီဝလိပင်လို့ နာမည်ကြီးပါတယ်။ ၁၉၈၀ ခုနှစ် အမေရိကန်အာကာသသိပ္ပံရဲ့ ထင်ရှားသော လေသန့်ပင် သုံးမျိုးထဲက ထိပ်တန်းအပင်လည်းဖြစ်ပါတယ်။ သူက စိုစွတ်တဲ့မြေကို ကြိုက်ပါတယ်။ အလင်းရောင်ကိုလည်း ကြိုက်ပါတယ်။ သို့သော်လည်း တိုက်ရိုက်နေရောင်ကိုတော့ မကြိုက်ပါဘူး။
သူဖယ်ရှားပေးနိုင်တဲ့ အဆိပ်ဒြပ်တွေကတော့ formaldehyde, benzene, trichloroethylene, xylene, ammonia တို့ဖြစ်ပါတယ်။
copy ကူးလျှင် credit ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
Comments
Post a Comment