အလင်းရောင်လိုအပ်တဲ့ အပင်လေးတွေရဲ့ လက္ခဏာများ

 အလင်းရောင်လိုအပ်တဲ့ အပင်လေးတွေရဲ့ လက္ခဏာများ

၁။ အရွက်ကြဲလာရင်

တကယ်လို့အပင်လေးတွေက အရွက်လေးတွေကြဲလာပြီး ရိုးတံလေးတွေရှည်လာရင် သေချာပါတယ် အဲ့ဒါ နေရောင်ခြည်ကောင်းကောင်းမရလို့ပါ။
သူတို့က နေရောင်ကို ရဖို့အတွက် နေရှိရာကို အရွက်လေးတွေ ဆန့်တန်းပြီး ပြေးကြတာပါ။

၂။ နေရှိရာကို ကွေးညွတ်ခြင်း

အပင်လေးတွေက တကယ်လို့ နေရောင်ကို ကောင်းကောင်းမရရင် သူ့ရိုးတံလေးတွေကို ဆန့်တန်းပြီး နေရှိရာကို ပြေးကြပါတယ်။
ဒါဆိုရင်တော့ မိတ်ဆွေရဲ့ အပင်လေးက တဖက်စောင်းနင်း ရှည်မျောမျောကြီး ဖြစ်သွားပြီး လှပတော့မှာမဟုတ်ပါဘူး။
ဒီလိုမဖြစ်ဖို့အတွက် အပင်လေးတွေကို နေရောင်ကောင်းကောင်းရတဲ့နေရာမှာ ထားပေးလိုက်ပါ။
ဒါဆိုရင် သူရဲ့ ရိုးတံလေးတွေကို မိုးကိုထောင်ပြီး လှလှပပ အုပ်အုပ်စိုင်းစိုင်းလေး ပြန်ဖြစ်သွားပါလိမ့်မယ်။
ဒီလိုမှ မဟုတ်ရင်တော့ ပန်းအိုးလေးကို လှည့်လှည့်ပေးပါနော်။

၃။ အရွက်ပေါက်စလေးများသာထွက်လာခြင်း

ဒါလည်း နေရောင်မရလို့ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အပင်လေးတွေကို နေပြပေးဖို့လိုပါပြီနော်။ အပင်လေးတွေဟာ နေရောင်နဲ့ အသက်ရှင်ကြတာဖြစ်လို့
တကယ်လို့ နေရောင်အားနည်းနေရင် သူ့အရွက်လေးတွေကလည်း သေးသွားပါလိမ့်မယ်။ တကယ်တော့ အရွက်ဆိုတာ အပင်လေးတွေရဲ့ အစာအိမ်ပါပဲ။

၄။အပင်ကြီးထွားမှုရပ်တန့်သွားခြင်း

တကယ်လို့ အပင်လေးတွေ ဆက်လက်ပြီး ကြီးထွားမှုမရှိတော့ရင် မကြောက်လိုက်ပါနဲ့နော်။ သူတို့လေးတွေ နေရောင်ကောင်းကောင်းမရလို့ပါ။
ထို့အတူ ဆောင်းတွင်းမှာလည်း အပင်လေးတွေက ဆောင်းခိုတဲ့အနေနဲ့ ကြီးထွားမှုရပ်တန့်နေလေ့ရှိပါတယ်။

၅။ အရွက်ညိုခြင်း

တကယ်လို့ မိတ်ဆွေသာ အစိမ်းရောင်အရွက်ဖားဖား အပင်လေးတွေစိုက်ထားမိပြီး အရွက်လေးတွေ ညိုကုန်ရင်တော့ ရေငတ်၊နေငတ်နေရှာတာပါ။
သူတို့ကို ရေဝဝတိုက်ပြီး နေပြပေးရပါမယ်။

၆။ ပြတင်းပေါက်နားသို့ရွေ့ပါ

တကယ်လို့ သင်သာ indoor plant လေးတွေ စိုက်သူဆိုရင်တော့ အပင်လေးတွေကို အခန်းဒေါင့်မှာ ထားဖို့ အရင်ဆုံးစိတ်ကူးမိမှာပါပဲ။
တကယ်တော့ အပင်လေးတွေဟာ သက်ရှိလေးတွေဖြစ်ပါတယ်။ သူတို့က အလင်းရယ် လေရယ် ရေရယ်ကို လိုပါတယ်။
တကယ်တမ်း သူတို့အတွက် အကောင်းဆုံးနေရာကတော့ ပြတင်းပေါက်နဲ့ တစ်ပေ၊နှစ်ပေ အကွာအဝေးလေးဖြစ်ပါတယ်။
သိ့မှသာ သူတို့လေးတွေဟာ လေသန့်သန့်၊အလင်းကောင်းကောင်းရပြီး ဖွံ့ဖြိုးမှာဖြစ်ပါတယ်။

copy ကူးလျှင် credit လေးပေးပါခဗျ။

ဒေါက်တာနေဝင်းအောင် (လူကုတဲ့ဆရာဝန်) အဟီး
Admin
Green Paradise Naypyitaw
#Indoor Plants Shop
Naypyitaw

Comments