- Get link
- X
- Other Apps
- Get link
- X
- Other Apps
ပန်းသီးရွက်လှ သို့မဟုတ် Calathea Orbifolia
ဒီအပင်လေးတွေကတော့ မြန်မာမျိုးရင်းမဟုတ်ပါဘူးခဗျ။ သူတို့ရဲ့ ဇာတိကတော့ ဘိုလီးဗီးယားနှင့် ဘရာဇီးက ဖြစ်ပါတယ်။ သူတို့ရဲ့ မျိုးရင်းကတော့ Marantaceae ဖြစ်ပါတယ်။
သူတို့ရဲ့ထူးခြားချက်က အရွက်စိမ်းစိမ်းလေးတွေမှာ အစိမ်းရင့်ရင့် အစင်းလေးတွေပါတာဖြစ်ပါတယ်။ သူတို့က နေ့ဘက်ဆိုရင် သူတို့အရွက်လေးတွေကို ဖြန့်ကားပြီး လှပနေပါသလောက် ညဘက်ဆိုရင်တော့ သူတို့အရွက်လေးတွေကို လိပ်ပြီး အိပ်တတ်ပါသတဲ့။ ထို့အတူ ရေငတ်လာရင်လည်း အရွက်လေးတွေကို ခွေခေါက်ပြီး စိတ်ကောက်ပြတတ်ပါတယ်တဲ့။ သူတို့စိတ်ကောက်နေလို့ ရေတိုက်လိုက်ရင်တော့ ဖလန်းဖလန်းနဲ့ အရွက်လေးတွေ ဖြန့်ကားပြီးပြပါသတဲ့ဗျာ။
သူတို့က အလင်းရောင်ကို ကြိုက်ပါတယ်။ သို့သော်လည်း နေရောင်တိုက်ရိုက်ထိတာတော့ မခံနိုင်ပါဘူး။ ထို့အတူ သူတို့ကို တစ်ပတ်တစ်ကြိမ်လောက် နေရာရွေ့ပေးတာလည်း လိုချင်ပါတယ်။ သူတို့အရွက်လေးတွေကို အဝတ်စလေးမှာ ရေစွတ်ပြီး သုတ်ပေးမယ်ဆိုရင် အလွန်လှပတဲ့ ဧည့်ခန်းလေးဖြစ်သွားမှာပါ။
သူတို့ကိုစိုက်မယ်ဆိုရင်တော့ မြေစိုရုံလောက်ပဲ ရေလောင်းပေးရမှာဖြစ်ပါတယ်။ ရေဝပ်နေတာမျိုးကို မကြိုက်ပါဘူး။ ရေဆာနေကြောင်းလည်း အပင်လေးတွေက ပြသတတ်ပါတယ်။
ကြွေအိုးလှလှလေးမှာ ပန်းသီးရွက်လှလေးကို စိုက်ထားရင် အိမ်လည်း စိမ်းစိုလှပနေပြီး မျက်စိလည်းအေးမှာဖြစ်ပါတယ်။
Comments
Post a Comment