ညောင်ဘွန်ဇိုင်း သို့မဟုတ် ficus mictocarpa

 ညောင်ဘွန်ဇိုင်း သို့မဟုတ် ficus mictocarpa

ဒီအပင်လေးတွေကို Curtain fig လို့လည်းခေါ်ပါတယ်။ ထို့အတူ Chinese banyan, Malayan banyan, Indian laurel, curtain fig, gajumaru လို့လည်းခေါ်ကြပါတယ်။

သူ့ရဲ့ မျိုးရိုးကတော့ Moraceae အုပ်စုကဖြစ်ပါတယ်။ အဓိကအားဖြင့် တရုတ်မှသည် အာရှဒေသရှိ သမပိုင်းနိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။ ထို့အတူ ကယ်ရိုလင်းကျွန်း (သြစတေးလျ) မှာလည်း ပေါက်ပါတယ်။ သူက အရိပ်ရပင်အမျိုးအစားထဲမှာပါဝင်ပါတယ်။

သူလေးတွေက အပူပိုင်းသစ်ပင်အမျိုးအစားထဲမှာပါပြီး မီးခိုးရောင်အခေါက်လေးတွေ၊ အစိမ်းရောင် အရွက်နုလေးတွေနှင့် လှပပါတယ်။ သူ့အရွက်လေးတွေက နှစ်လက်မကနေ နှစ်လက်မခွဲလောက်အထိပဲ ကြီးထွားပါတယ်။ တကယ်လို့သာ အိမ်ပြင်မှာစိုက်ရင်တော့ ပေလေးဆယ်လောက်အထိကြီးနိုင်ပါတယ်။

သူတို့ရဲ့ ရာသီဥတုအပေါ်ခံနိုင်ရည်ရှိမှုနှင့် နေရာစုံမှာ မြေမရွေးပဲ ရှင်သန်နိုင်မှုကြောင့် နောက်ပိုင်းမှာ ဘွန်ဇိုင်းအဖြစ် စိုက်ပျိုးလာကြပါတယ်။

သူ့အတွက် အကောင်းဆုံးအပူချိန်က ၂၀ ဒီဂရီစင်တီဂရိတ်လောက်ဖြစ်ပါတယ်။ ထို့အတူ အရမ်းအေးခဲရင်တောင်မှ ရှင်သန်နိုင်ပါတယ်။ သူ့ရဲ့အားသာချက်က ကိုက်ဖြတ်လိုက်ရင်တောင်မှ ဆက်လက်ရှင်သန်နိုင်တာပဲဖြစ်ပါတယ်။ သဲဆန်တဲ့မြေမျိုးမှာ စိုက်ရင်ပိုပြီး ရှင်သန်ပါတယ်။

သူက တိုကရြိုကနြရေောငကြိုတော့ မကှိုကပြါဘူး။ ခဏခဏ နရောရှေ့တာလညြး မကှိုကပြါဘူး။ သူ့အရှကလြေးတှကေ ကှှလှယေလြို့ ကောရြီဒါလို လွောကလြမြးလိုနရောမှာတော့ ထားဖို့မသငြ့ပါဘူး။

ရေကိုတော့ သူ့အမြစ်လေး စိုနေရုံလောက်ပဲကြိုက်ပါတယ်။ ဒါကြောင့် ငါးရက် တစ်ကြိမ်လောက်ပဲ ရေလောင်းပေးသင့်ပါတယ်။

သူ့ကို ဆေးဘက်ဝင်အပင်များအဖြစ်လည်း စိုက်ပျိုးကြပါတယ်။ သူ့ရဲ့ အခေါက်၊အမြစ်နှင့် အရွက်ခြောက်တို့ကို တိုင်းရင်းဆေးဝါးတွေမှာ သုံးစွဲကြပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးနှင့် အဖျားကျဆေးအဖြစ် ဖော်စပ်ကြပါတယ်။

ဘွန်ဇိုင်း စစိုက်လိုသူများ အတွက် ညောင်ဘွန်ဇိုင်းလေးတွေက အသင့်တော်ဆုံးဖြစ်ပါကြောင်း ကြေငြာရင်း ဈေးရောင်းလိုက်ပါတယ်ဗျ။




Comments