- Get link
- X
- Other Apps
- Get link
- X
- Other Apps
#ကြိုးကြာနီပန်း (သို့မဟုတ်) #ပိန်းပန်း သို့မဟုတ် #flamingo_flowers
သူ့ရဲ့ ရုက္ခဗေဒအမည်ကတော့ Anthurium လို့ခေါ်ပါတယ်။ သူ့မှာ မျိုးကွဲပေါင်း တစ်ထောင်ကျော်လောက်ရှိပြီး သူဟာ Araceae အုပ်စုထဲကပဲဖြစ်ပါတယ်။ Anthurium ဆိုတဲ့အမည်ကိုတော့ Schott က ၁၈၂၉ ခုနှစ်မှာပေးခဲ့တာဖြစ်ပါတယ်။ အဲ.. ပိန်း ဆိုတဲ့အမည်တော့ ဘယ်သူပေးခဲ့လည်း မသိပါဘူးခဗျ။ အဟီး
သူ့ရဲ့ မူလဘူတ ရင်းမြစ်မွေးရပ်မြေကတော့ အမေရိကဖြစ်ပါတယ်။ အဲ့ဒါမှတဆင့် မက္ကဆီကိုမြောက်ပိုင်း၊အာဂျင်တီးနား မြောက်ပိုင်းနှင့် ကာရစ်ဘီယံဒေသတွေမှာလည်း တွေ့ရပါတယ်။ သူ့လေးတွေက အရွက်အုပ်အုပ်လေးတွေနဲ့လှပပြီး အပွင့်လေးတွေမှာ အဖိုအမ ပါဝင်ပါတယ်။ သူတို့မှာ ပွင့်တံချွန်ချွန်လေးတွေပါပြီး အဲ့ ပွင့်တံလေးတွေကနေ အသီးလေးတွေ သီးလေ့ရှိပါသတဲ့။ သူတို့ရဲ့ ပွင့်လွှာလေးတွေကတော့ အရွယ်အမျိုးမျိုး၊ပုံစံအမျိုးအမျိုး၊ အရောင်အမျိုးမျိုးရှိကြပါတယ်။ အဲ့ပွင့်လေးတွေကို မူတည်ပြီး အမည်လေးတွေလည်း သတ်မှတ်ကြလေ့ရှိပါတယ်။သူတို့လေးတွေကတော့ တစ်ပေကနေ နှစ်ပေလောက်အထိ ကြီးထွားနိုင်ကြပါတယ်။
သူတို့ဟာ အိမ်တွင်းစိုက်ပျိုးလို့သင့်တော်တဲ့အပင်ငယ်လေးတွေဖြစ်သလို အရိပ်ကောင်းကောင်းရှိတဲ့ အိမ်ပြင်မှာလည်း စိုက်ပျိုးနိုင်ပါတယ်။ သူတို့ဟာ စိုစွတ်တဲ့မြေဆီမှာရှင်သန်နိုင်ကြပါတယ်။ သို့သော်လည်း ရေဆင်းကောင်းသော မြေမျိုးကိုသာ နှစ်သက်ပါတယ်။ ဒါကြောင့် ကျပ်တီးမြေ မြေရိုင်း တွေကိုတော့ မကြိုက်ပါဘူးနော်။ သူတို့အတွက်အကောင်းဆုံး အပူချိန်ကတော့ ၁၆ ဒီဂရီကနေ ၂၂ ဒီဂရီစင်တီဂရိတ်ကြားဖြစ်ပါတယ်။ ဒါကြောင့် အဲကွန်းခန်းထဲမှာလည်း သူတို့နေနိုင်ပါတယ္်နော်။ သို့သော်လည်း သူတို့လေးတွေကလည်း အအေးမိတတ်ပါတယ်နော်။ သူတို့လေးတွေ အအေးမိသွားရင်တော့ အရွက်လေးတွေ ဝါကုန်ပါတယ်။ထို့အတူ သူတို့ဟာ အခြားပန်းတွေလို နေမရလည်း နေနိုင်တဲ့ အစွမ်းရှိပါသေးတယ်။ ဒါကြောင့် အိမ်ထဲမှာ နေမရလည်း ပူစရာမလိုပါဘူးနော်။ သူ့အရွက်လေးတွေအပေါ် ရေဖြန်းပေးတာလည်း ခံချင်ကြပါသတဲ့။ထို့အတူ့ သူတို့ကို နှစ်ရက်တစ်ကြိမ်လောက် ရေချိုးပေးတာကို ကြိုက်ပါတယ်။ ဖိုးသန့်ချင်လေးတွေဖြစ်ပါတယ်ခဗျ။
သူတို့ကို ဘယ်အချိန် အိုးလဲမလဲ ဆိုရင်တော့ နှစ်နှစ်လောက်ကြာရင်သော်လည်းကောင်း အပင်အရမ်းထွားလာရင်သော်လည်းကောင်း အိုးကြပ်သွားရင်သော်လည်းကောင်း အိုးလဲပေးသင့်ပါတယ်။
ကြိုးကြာနီလေးတွေရဲ့ အဓိက အုပ်စုငယ်လေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မင်မင့်ဆီမှာတော့ မားသားပိန်း၊ဘေဘီပိန်း၊ချောကလက်ပိန်း၊နုတ်ခမ်းနီပိန်းနှင့် ပဒေသာပိန်းလေးတွေရှိပါတယ်ခဗျ။
Belolonchium
Calomystrium
Cardiolonchium
Chamaerepium
Cordatopunctatum
Dactylophyllium
Decurrentia
Digitinervium
Gymnopodium
Leptanthurium
Pachyneurium
Polyphyllium
Polyneurium
Porphyrochitonium
Schizoplacium
Semaeophyllium
Tetraspermium
Urospadix
Xialophyllium
Comments
Post a Comment