Heliconia caribaea Purpurea

 Heliconia caribaea Purpurea

ဒီအပင်လေးတွေကို ဗမာလိုတော့ ကြက်တူရွေးပင်လို့လည်း ခေါ်ကြပါတယ်။ သူလေးတွေက heliconiaceae မိသားစုကဖြစ်ပြီး caribaea အုပ်စုထဲကဖြစ်ပါတယ်။
သူ့အရွက်လေးတွေက အစိမ်းရင့်ရင့်လေးတွေဖြစ်ပြီး ငှက်ပျောရွက်နှင့်အလွန်တူပါတယ်။ သူ့အပွင့်လေးတွေကတော့ ဂဏန်းလက်မကြီးတွေလိုရှိနေလို့ သူ့ကို lobster crawl လို့လည်း ခေါ်ကြပါတယ်။
သူ့အရွက်တွေက အမြင့်ခြောက်ပေလောက်အထိ မြင့်မားနိုင်ပါတယ်။ သူ့အပင်တွေက ငှက်ပျောလို ရုံလိုက်ပေါက်တာဖြစ်ပြီး သူ့အပင်အုံကတော့ သုံးပေလောက်အထိ ရှိနိုင်ပါတယ်။
သူ့ကို အိမ်မှာ အလှဆင်ဖို့အတွက် အများဆုံးစိုက်ပျိုးကြပါတယ်။ သူက အလင်းရောင်ကို နှစ်သက်တဲ့ အပင်မျိုးနွယ်ထဲမှာပါပါတယ်။ ဒါကြောင့် နေရာင်ရရှိတဲ့နေရာမှာ အရိပ်ထဲထားရပါမယ်။ အိမ်အတွင်းထဲအထိတော့ မထားသင့်ပါဘူးနော်။ ထို့အတူ သူက ရေကိုလည်း ကြိုက်တတ်ပါသေးတယ်။
စိုက်ပျိုးမယ်ဆိုရင်တော့ အိမ်ရဲ့ ဆင်ဝင်အောက်မှာ ထားတာသင့်တော်ပါတယ်။ ထို့အတူ ကားဂိုထောင့် ဒေါင့်လေးမှာထားလို့လည်း ရပါတယ်။ မိမိတို့ရဲ့ တန်ဖိုးကြီးကားလေးတွေဟာ heliconia ကြောင့် ကျက်သရေတိုးသွားမှာ အမှန်ပါပဲ။
အများအားဖြင့်တော့ သူ့ကို အလယ်အမေရိကနှင့်တောင်အမေရိကမှာ တွေ့ရပါတယ်။ ထို့အတူ ပစိဖစ်ဒေသက ကျွန်းတွေပေါ်မှာ ပေါပေါများများ တွေ့ရပါတယ်။ ပြောရရင် ဟာဝိုင်အီက အပင်လေးပေါ့ဗျာ။
သူ့အပွင့်လေးတွေက ရောင်စုံရှိပါတယ်။ အထူးသဖြင့် နီဝါကြား၊နီဖြူကြား၊ပန်းရောင်၊လိမ္မော်ရောင်၊အစိမ်းရောင် အစရှိသဖြင့် ရှိကြပါတယ်။
မင်မင်စိုက်ထားတာကတော့ အနီရဲရဲလေးဖြစ်ပါတယ်။
မင့်မင့်အပင်လေးကို ကြိုက်ရင်တော့ ပြန်ရောင်းပေးပါမယ်။
မှတ်ချက်။ စားပွဲတင် indoor Plants မဟုတ်ကြောင်း ကြိုတင် သတိပေးပါတယ်ခဗျ။





Comments