ဂနိုင့်ကျက်သရေ ခေါ် ခရစ္စမတ်ပင် ခေါ် poinsettia

 ဂနိုင့်ကျက်သရေ ခေါ် ခရစ္စမတ်ပင် ခေါ် poinsettia

အရွက်စိမ်းစိမ်းလေးတွေနှင့်အတူ အပွင့်နီနီလေးတွေမြင်လိုက်ရင် ဒါက အပွင့်လား အရွက်လားလို့ ဝေခွဲမရဖြစ်သွားပါသလား မိတ်ဆွေ။
တကယ်တော့ အဲ့ဒါ ဂနိုင့်ကျက်သရေပင်လေးတွေဖြစ်ပါတယ်။
သူတို့ကတော့ (Euphorbiaceae) အုပ်စုထဲကဖြစ်ပါတယ်။ အဓိကအားဖြင့် အမေရိက အလယ်ပိုင်းမှာ ပေါက်ရောက်ကြပါတယ်။ သူ့ကို ၁၈၃၄ ခုနှစ်မှာ စတင်ပြီး မျိုးရိုးသတ်မှတ်နိုင်ခဲ့ပါတယ်။ သူ့ကို ခရစ္စမတ်ကာလတွေမှာ အများဆုံးအသုံးပြုပြီးအလှဆင်လေ့ရှိလို့ ခရစ္စမတ်ပင်လို့လည်း ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ မက္ကဆီကိုဝန်ကြီးချုပ် ဖြစ်တဲ့ Joel Roberts Poinsett ကို ကိုယ်စားပြုပြီး Joel Roberts Poinsett လို့ခေါ်ပါတယ်။ သူက ၁၈၂၀ ခုနှစ်မှာ အဲ့အပင်လေးတွေကို အမေရိကန်ကို ယူလာခဲ့သူဖြစ်ပါတယ်။
သူက အလှစိုက်ပင်လေးတွေဖြစ်ပါတယ်။ ဝါးစားရင်တော့ ပျို့အန်ပြီး ဝမ်းပျက်တတ်ပါတယ်။ အပင်သည် စားဖို့မဟုတ်ဆိုတာတော့ သတိပြုကြပါခဗျ။ အဟီး

သူတို့ကို မက္ကဆီကိုကနေ ဂွာတီမာလာအထိတွေ့ရပါတယ်။ သူ့ကို Aztecs က အဖျားကျဆေးဖော်ဖို့ဆိုပြီး အမြောက်အများစိုက်ပျိုးထုတ်လုပ်ပါတယ်။ ဒီလို ခရစ္စမတ်နီးလာတဲ့အခါမှာတော့ ဒီအပင်လေးတွေဟာ အမေရိကန်မှာ ရေပန်းစားတဲ့ပန်းလေးတွေဖြစ်ပါတယ်။

သူတို့က တကယ်တော့ ခြုံလိုပေါက်တဲ့အပင်လေးတွေဖြစ်ပါတယ်။ အရိုင်းဆိုရင်ပေါ့။ သူတို့က နှစ်ပေကနေ ၁၃ပေလောက်အထိ ကြီးနိုင်ပါသတဲ့။ သူမှာ့ အစိမ်းရောင် အရွက်လေးတွေပါပြီး အရွက်လေးတွေက ၃လက်မကနေ ၆ လက်မလောက်အထိ ရှိပါတယ်။ သူ့ရဲ့ ပွင့်ရွက်လေးတွေကတော့ အနီရဲရဲလေးတွေဖြစ်ပါတယ်။ တခါတရံမှာတော့ အစိမ်းအနီ စပ်ကြားလေးတွေလည်း တွေ့နိုင်ပါတယ်။နောက်တစ်ခုက သူ့အရွက်လေးတွေက အလင်းရောင်ရရှိမှုကိုလိုက်ပြီး အရောင်ပြောင်းပါသတဲ့။

သူလေးတွေက ရေအရမ်းကြီးမကြိုက်ပါဘူး။ ဒါကြောင့် မြေကြီးမှာ ရေစိုနေရုံလောက်ပဲ လောင်းပါ။ နောက်တနည်းကတော့ သူ့အရွက်လေးတွေ ဝါနေရင် သူတို့ ရေငတ်နေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သူ့ကို နေရာလေးရွေ့ရွေ့ပေးပါ။ တပတ်မှာ နှစ်နေရာကနေ သုံးနေရာလောက်ထိ ရွေ့ပေးပါ။ နောက်တစ်ခုကတော့ အပူချိန်ဖြစ်ပါတယ်။ သူက အရမ်းအေးတာကိုမကြိုက်ပါဘူး။ ၁၂ဒီဂရီ ဆဲလ်စီးရပ်အောက်ဆို သေတတ်ပါတယ်။မပူပါနဲ့ မြန်မာနိုင်ငံမှာတော့ ၁၂အောက်ရောက်တာက တောင်ပေါ်ဒေသတွေပဲဖြစ်ပါတယ်။

သူ့အတွက် အိုးအရွယ်ကတော့ ၁၃ စင်တီမီတာ အကျယ်လောက်ရှိသင့်ပါတယ်။ နောက်တစ်ခုက သူက တိုက်ရိုက်နေရောင်ကို မကြိုက်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာစိုက်ပါ။ သို့သော်လည်း မီးဖို၊တံခါးဝနှင့် ပြတင်းပေါက်နားတော့ မထားသင့်ပါဘူးတဲ့။

ကဲ
ဒီလောက်ဆို ဂနိုင့်ကျက်သရေပင်လေးတွေအကြောင်း သိလောက်ပြီထင်ပါတယ်နော်။

ကော်ပီကူးလျှင် ခရက်ဒစ်ပေးရန် မေတ္တာရပ်ခံပါတယ်။

ဒေါက်တာနေဝင်းအောင်
(mmeducation.net)
Admin
GPN Indoor Plants
Naypyitaw




Comments