- Get link
- X
- Other Apps
- Get link
- X
- Other Apps
Bostorn Fern
ဘော့စထွန် ဖန်း ဆိုတဲ့အပင်လေးတွေကိုတော့ မြန်မာလို ငါးရိုးလို့လည်း ခေါ်ကြပါတယ်။ သူတို့ရဲ့ ရုက္ခဗေဒ အမည်ကတော့ Nephrolepis exaltata ဖြစ်ပါတယ်။ သူ့ကို အရွက်လေးတွေက ဓားရှည်လေးတွေနဲ့တူလို့ sword fern လို့လည်း ခေါ်ကြပါတယ်။ သူတို့က Lomariopsidaceae အုပ်စုထဲကဖြစ်ပြီး Davalliaceae or Oleandraceae မျိုးနွယ်ဖြစ်ပါတယ်။ သူ့ရဲ့အခြားအမည်တွေကတော့ Boston swordfern, wild Boston fern, Boston Blue Bell Fern, tuber ladder fern, or fishbone fern တို့ဖြစ်ပါတယ်။
သူတို့ကို သမပိုင်းဒေသတွေမှာ တွေ့ရှိနိုင်ပါတယ်။ အမြဲစိမ်းပင်အမျိုးအစားလေးတွေဖြစ်ပါတယ်။ သူတို့က ၁၆ လက်မကနေ ၃၅ လက်မလောက်ထိ ကြီးထွားနိုင်ပါတယ်။ တကယ်လို့သာ စိုက်ပျိုးတတ်ရင် လေးပေခွဲ ငါးပေလောက်အထိ သန်စွမ်းကျန်းမာကြပါတယ်။
သူတို့ရဲ့ပုံစံကတော့ အလယ်ကျောရိုးကနေ အရွက်လေးတွေဖြာပြီးထွက်ပါတယ်။ ငါးရိုးလေးတွေလိုပါပဲ။ သူ့ရဲ့ အရွက်ဖျားလေးတွေက တခါတရံ လိပ်ပြီးနေတတ်ပါတယ်။ သူတို့ရဲ့ အလယ်အူတိုင်လေးက လုံးဝန်းတဲ့သဏ္ဍန်ရှိပါတယ်။
သူတို့မျိုးနွယ်မှာ အထောင်ပေါက်တဲ့အပင်နဲ့ ဘေးကို ကားပြီးပေါက်တဲ့အပင်ဆိုပြီး ရှိပါတယ်။ ဒီအပင်လေးတွေကို ဘော့စတွန်လို့နာမည်တွင်ခဲ့တာကတော့ ဒါရိုက်တာ ဒေးဗစ်ဖဲလ်ချိုင်းလ် ရိုက်ကူးတဲ့ ဇာတ်လမ်းတိုကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဇာတ်လမ်းထဲမှာ ဖလော်ရီဒါကိုစတင်တွေ့ရှိသူ ဂျွန်ဆိုးလ် က ဘော့စတွန်မှာနေတဲ့ သူ့သူငယ်ချင်းဆီကို ဒီအပင်လေးပို့ပေးလို့ဖြစ်ပါတယ်။
သူ့ရဲ့အဓိက ပေါက်ရောက်ရာဒေသတွေကတော့ South America, Mexico, Central America, Florida, the West Indies, Polynesia and Africa တို့ဖြစ်ပါတယ်။ သူတို့ဟာ အိမ်တွင်းစိုက်ပျိုးလို့ရတဲ့အပင်လေးတွေဖြစ်ပါတယ်။ အရမ်းအေးတဲ့ဒေသတွေမှာတော့ နှင်းကိုက်ပြီးသေတတ်ပါတယ်။ မပူပါနဲ့ခဗျ။ မြန်မာနိုင်ငံမှာက နှင်းကိုက်ခံရဖို့က ခါကာဘိုရာဇီပေါ်တက်နေမှ ဖြစ်မှာပါ။ အဟီး။
သူက အာဟာရပေါကြွယ်တဲ့မြေဆီကို ကြိုက်ပါတယ်။ ထို့အတူ ရေငတ်ခံနိုင်ပါတယ်။ ရေလောင်းပျင်းသူတွေနဲ့ ကိုက်ပါတယ်။ ပူနွေးစိုစွတ်တဲ့ လေထုကို ကြိုက်ပါတယ်။ နောက်တစ်ခုက သူက အရိပ်မိုးထားတာ မကြိုက်ပါဘူး။ နောရောင်ခြည်လေးတွေကို နှစ်သက်ပါတယ်။ ဒါကြောင့် အိမ်ထဲမှာစိုက်ချင်ရင်တော့ ပြတင်းပေါက်နားမှာ ထားပါနော်။
ကျန်းမာရေးအတွက်ကတော့ သူက formaldehyde, xylene and toluene ကို သန့်စင်ပေးနိုင်ပါတယ်။
Comments
Post a Comment