Succulents လေးများ

Succulents 

Succulent စိုက်ပျိုးပြုစုနည်း
**************************
(1) စတင်ဝယ်ယူစဉ်ပါလာသောအိုး
       ငယ် အတွင်းမှ အပင်ကိုအသာ
       ထုတ်ယူပါ
(2) အမြစ်အုံမှ ပွားစာမြေဟောင်းများ
      ကိုဖယ်ရှားရှင်းလင်းပါ အမြစ်ဆွေး
      အမြစ်ဟောင်းများကို ကတ်ကြေး
      ဖြင့် အနည်းငယ် ဖြတ်တောက်ဖယ်
      ရှားပါ
(3) အပင်အခြေအနေကြည့်ရှု့စစ်ဆေး
     ပြီး ရွက်ဟောင်းရွက်ခြောက်များရှိ
     ပါက ရှင်းလင်းသန့်စင်ပေးပါ
     ဒါဆိုရင် အပင်သန့်ရှင်းစင်ကြယ်
     ခြင်းကိစ္စအားလုံးပြီးစီးပါပြီ

(4) အားလုံးသန့်ရှင်းပြီးစီးပါက
     အမြစ်အုံအပင်ခြေရင်းကို 
     မှိုသတ်ဆေး သုတ်လိမ်းပေးကာ 
     ခဏလေသလပ်ခံပြီးမှ မြေစပ်ပြီး
     စိုက်ပေးရပါမည်
     ကဲ အခု Succulentအကြိုက်
     မြေစပ်ဖို့ပြင်ကြရအောင်
(5) အုန်းဆံမှုန့် 20% 
      စပ်မြေဆွေး25%
      Pumice* 35%
      Perlite ** 20%
      ရောစပ်သမပေးလိုက်ရင် 
      Succulent အကြိုက်စပ်မြေရပြီ
     ပေါ့ဗျာ
     Pumice က ကျောက်ပွကိုခေါ်တာပါ
(6) အပင်အရွယ်အစားထက်အနည်း
      ငယ်ကြီးသောအိုးတစ်လုံးကိုယူပါ
      အိုးအောက်ခြေရေဆင်းပေါက်ပါ
      ပါစေ
      အိုးအောက်ခြေကို ကျောက်စရစ်
      ခဲအနည်းငယ်ထည့်ခင်းပေးပါ
      ရေဆင်းကောင်းစေရန်အတွက်ဖြစ်
      ပါတယ်
      စပ်မြေထည့်ပါ 
      အပင်ကိုနေသားတကျ စိုက်ပြီး
      အမြစ်အုံပတ်လည်နေရာအနှံ့ကို
      စပ်မြေများလိုက်လံဖြည့်စွက်ပေးပါ
      အားလုံး ok ပြီဆို စိုက်ပျိုးမှုပြီးစီး
      သွားပါပြီခင်ဗျာ

ပြုစုနည်း
*********
       ရေဆင်းကောင်းသောမြေ စပ်ပေး
ထားတာမို့ ယခုလိုပူပြင်းသောရာသီတွင်
 မြေသားကို ရေပုံမှန်လောင်းပေးပါ
ရေလောင်းလျှင် အပင်ပေါ်ရေလောင်း
ခြင်းမျိုးရှောင်ကျဉ်ပါ အပင်ရွက်အုံ
အလယ်စင်တာထဲရေတင်ကျန်နေပါက
ခေါင်ပုပ်ရွက်ပြုတ်ပြီး အပင်ဂိမြန်စေ
နိုင်ပါတယ်
    နေရောင်အနည်းငယ်ရပါစေ
နေရောင်ကြိုက်တဲ့မျိုးနဲ့ နေရောင်ကို
ကြောက်တဲ့မျိုးတွေ သေချာခွဲခြားနိုင်
ဖို့လည်း အရေးကြီးပါတယ်
နေရောင်ကြိုက်တဲ့မျိုးက နေရောင်ရ
လေ ကာလာလှနေဖြစ်မှာပါ နေရောင်
ကြောက်တဲ့မျိုးကတော့ နေရောင်းပြင်း
လေ ကာလာပျက်လေ နေလောင်ကွက်
တွေနဲ့အလှပျက်လာမှာမို့ သတိပြု
ဆင်ခြင်ကြပါလို့

   Succulent ချစ်သူတွေအားလုံး 
အဆင်ပြေပြေ ပြုစုစိုက်ပျိုးအောင်မြင်
နိုင်ကြပါစေဗျာ

Credit;  Justin Aung Htike
    ( Life & Cactus+ Succulent )

















Comments